Monday, April 18, 2016
Galaxy Note6 မှာ Snapdragon 823 processor နဲ့ RAM 6GB ပါဝင်မယ်လို့သတင်းထွက်ရှိ
Galaxy Note6 မှာ Snapdragon 823 processor နဲ့ RAM 6GB ပါဝင်မယ်လို့သတင်းထွက်ရှိ
Samsung သည် Galaxy Note Series ဖုန်း အမျိုးအစားတစ်ခုဖြစ်သော Note 5 ကို လွန်ခဲ့သော တစ်နှစ်ကျော် 2015 ခုနှစ် နှစ်လယ် ဩဂုတ်လမှ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါသည်။ ယခုအခါတွင် လာမည့် စက်တင်ဘာလတွင် ထွက်ရှိလာနိုင်သည့်   နောက်ထပ် Galaxy Note ဖုန်းအမျိုးအစား တစ်ခုဖြစ်သော Note 6 နှင့် ပတ်သတ်ပြီး ကောလဟာလ သတင်းများ ထွက်ရှိလာခဲ့ပြီဖြစ်ပါသည် ။
ထွက်ပေါ်လာသော  Galaxy Note6 Specification
CPU and Ram
———————
အခုပထမဆုံး စတင်ကြားရတဲ့သတင်းကတော့ Galaxy Note6 ကို အသစ်ထွက်မဲ့ 64-bit processor quad-core 2.6GHz , Adreno 530 GPU စွမ်းအင်တွေပါဝင်တဲ့ Qualcomm Snapdragon Kryo 823 လို့အမည်ပေးထားတဲ့ processor version  အသစ် ကိုအသုံးပြုနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။Galaxy Note 6 တွင် ပိုမို ကောင်းမွန်သော Snapdragon 823 ကို အသုံးပြုလာမည်ဟု ဆိုလာသော်လည်း ယခုအချိန်အထိ Qualcomm သည် ယင်းကဲ့သို့ Processor ကို ထုတ်လုပ်ခြင်းရှိမရှိကို ကြေငြာထားခြင်းမရှိသေးပါဘူး။ ထို့အတူ ယခင်က ထွက်ရှိခဲ့သော ကာလဟာလ များတွင် RAM 4GB ပါဝင်မည်ဟူသော သတင်းမှာ ယခု RAM 6GB အထိပါဝင်မည်ဟူသော သတင်းထက် ဖြစ်နိုင်ခြေပိုမို များပြားပါသည်။
Water resistance
————————
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ Note 6 တွင်ပါဝင်လာနိုင်မည့် Feature တစ်ခုကတော့ အရင် Galaxy Note ဖုန်းများ လိုမဟုတ်ပဲ ရေစိုခံလာခြင်းပဲဖြစ်ပါသည်။ ယခုနှစ် အစောပိုင်းတွင် မိတ်ဆက်ခဲ့သော Galaxy S7 Series သည် IP68 rating အထိ ရေစိုခံခဲ့တာကြောင့် ယခု ထွက်ရှိလာမည့်ဖုန်းအသစ်တွင်လည်းပိုမို ရေစိုခံလာနိုင်သည်မှာ အဆန်းမဟုတ်ပေ။ Note 6  သည်သာ  Waterresistance IP68 rating အထိရှိခဲ့မည်ဆိုလျှင် ၄င်းဖုန်းသည် ၃ပေ အနက်ရှိသော ရေထဲတွင် မိနစ် ၃၀ ခန့်မျှ  ရေစိမ်ခံမှာဖြစ်ပါသည်။
New Security feature
————————
Galaxy Note 6 နှင့် ပတ်သတ်ပြီး Sammobile မှ သတင်းများအရ ပိုမိုကောင်းမွန်သော လုံခြုံမှု စနစ်အတွက်  iris scanner feature အသစ်တစ်ခုပါဝင်လာမှာဖြစ်ပါသည်။  Iris Scanner feature ဆိုသည်မှာ ဖုန်းကို  log in ဝင်သည့်အခါ user ရဲ့ မျက်လုံးကို  စစ်ဆေးပြီး ပေးဝင်မဲ့ feature  ဖြစ်ပါတယ် ။ Samsung သည် ၄င်းတို့၏ နောက်ပိုင်းဖုန်းများတွင် အခြား ထုတ်ကုန်များထက် သာလွန်သည့် Specification များ ထည့်သွင်းကာ အကောင်းဆုံးအဖြစ် ရပ်တည်လိုတာကြောင့် ယခုလို ပိုမိုအဆင့်မြင့်သည် Eye-Scanner Feature၊ Samsung Pay နှင့် အခြား Feature များ ကို ထည့်သွင်းလာခြင်းဖြစ်ပါသည်။
Samsung သည် ၄င်းတို့ ထုတ်ကုန် အသစ်များကို September လအတွင်း Berlin တွင် ကျင်းပလေ့ရှိသော IFA နည်းပညာ ပြပွဲတွင် မိတ်ဆက်လေ့ရှိပြီး ယမန်နှစ်က Galaxy Note 5 ကိုတော့ ပုံမှန်အချိန်ထက်စောကာ August လ အတွင်းတွင်ပင် စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါသည်။ ယခုထွက်ရှိနေသော ကောလဟာလ သတင်းများအရ Note 6 သည် Note 5 ၏ ထွက်ချိန်ထက်ပိုမို စောလျှင်စွာ မိတ်ဆက်လာလိမ့်မည်ဟု ခန့်မှန်းမှုများရှိနေခဲ့ပါသည်။ ထို့ပြင် Note 6 ၏ မိတ်ဆက်နိုင်သည့်အချိန်မှာ Galaxy S Series ဖြစ်သော S7 ၏ အောင်မြင်မှု အပေါ် မူတည်သည်ဟုလည်း ဆိုနိုင်ပါသည်။ Galaxy S7 Series ၏ ဈေးကွက်နှင့် ပတ်သတ်ပြီး ခန့်မှန်းထားသည် ထက် ပိုမိုအောင်မြင်ခဲ့ပါသည်ဟု ဧပြီလတွင် Bloomberg ၌ ပြောကြားခဲ့ပါသည်။ ၄င်းပွဲတွင်မူ Samsung ၏ ဈေးကွက်အတွင်း ပြောရေးဆိုခွင့်ရှိသူ Neil Mawston မှ “ ကျနော်တို့ Galaxy Note 6 ကို Apple ၏ iPhone 7 မထွက်ခင် ၁လ ၂လလောက် အလိုမှ မိတ်ဆက်ပေးမှာပါ ” ဟု လည်းပြောကြားသွားခဲ့ပါသည်။ ပုံမှန်အားဖြင့် Apple သည် ၄င်းတို့၏ ထုတ်ကုန်အသစ်များကို September နှင့် November လများတွင် မိတ်ဆက်ပေးလေ့ရှိတာ ကြောင့် Galaxy Note 6 သည် July လမှ October လကြားတွင် ထွက်ရှိလာနိုင်ပါသည်။ အခြား ကိုရီးယား Website တစ်ခုမှလည်း Note 6 ကို July လ အလယ်တွင် မိတ်ဆက်မည်ဟုပြောကြားလာခဲ့တာကြောင့် ဖြစ်နိုင်ခြေမှ တဖြေးဖြေး သေချာလာခဲ့တာဖြစ်ပါသည်။ ထိုပြင့် နောက်ထပ် စိတ်ဝင်စားဖွယ် Feature တစ်ခုကတော့ Note 6 တွင် Android Version အသစ်တစ်ခုဖြစ်သော Android N စနစ်ကိုအသုံးပြုလာနိုင်ပါသည်ဟု The Bell မှ ဖော်ပြထားခဲ့ခြင်းဖြစ်ပါသည်။ Google သည် ၄င်းတို့ Android Version အသစ်ကို ယခုနှစ် အစောပိုင်းတွင် Developer Review အဖြစ် ထုတ်လုပ်ပေးခဲ့ပြီး ယခုနှစ် နွေရာသီတွင် Android N ကို ပြီးပြည့်စုံစွာ ထုတ်လုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းရကြောင်းလည်း ပြောကြားသွားခဲ့ပါသည်။ ထို့ကြောင့် Galaxy Note 6 သည် ပထမ ဦးဆုံး Android Version အသစ် ကို ထည့်သွင်းအသုံးပြုလာမည့် ဖုန်း တစ်ခုဖြစ်လာနိုင်ပါသည်။
Samsung သည် ၄င်းတို့၏ Note Series တွင် Screen Size ကို 5.7 လက်မ မှ ၆ လက်မ အထိ ပါရှိသော Display ကို ထည့်သွင်းလေ့ရှိပြီး ယခု Note 6 တွင်လည်း ပိုမို ပါးလွှာသော ၅.၈ လက်မ အရွယ် the Quad-HD Super AMOLED display ကို အသုံးပြုလာနိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်လျက်ရှိပါသည်။ အခြား ကောလဟာလ သတင်းများတွင် Super OIS ခေါ် 12 megapixel Camera နှင့် Internal Storage 64GB နှင့် 128 GB အထိပါဝင် လာ မည်ဟု ဖော်ပြထားပါသည်။
Credit : Myanmar It Hub
No comments:
Post a Comment