Tuesday, April 19, 2016
2017 တွင်ထုတ်မည့် iPhone အသစ်တွင် အလူမီနီယံကိုယ်ထည်ကို မသုံးတော့ပဲ Glass body ကို ပြန်သုံးတော့မည်ဟုဆို
Credit: Myanmar IT Hub
တိကျသော သတင်းများ ကို တင်ပြလေ့ရှိသော Apple လေ့လာသူ KGI’s Ming-Chi-Kuo ၏ တင်ပြချက်များအရ Apple သည်  2017  တွင်ထုတ်လုပ်မည့် iPhone အသစ်တွင် လက်ရှိ iPhone များတွင်ပါဝင်သော အလူမီနီယံ ခန္ဓာကိုယ်ကို ဆက်လက်အသုံးမပြုတော့ပဲ  ဖန်သားဖြင့် ပြောင်းလည်းထုတ်လုပ်တော့မည်ဟု သိရှိရပါသည်။ ၄င်း အခြေအနေနှင့် ပတ်သတ်ပြီး Kuo သည် လွန်ခဲ့သော မတ်လ ကုန်လောက်တွင် ဖော်ပြပေးခဲ့ပါသေးသည်။ သို့သော် ၄င်းပြောင်းလဲမှုများသည် ယခုစက်တင်ဘာတွင် ထွက်ရှိလာမည့် iPhone 7 တွင် တော့ တွေ့နိုင်အုံးမှာမဟုတ်သေးပါဘူး။
Kuo က Apple ၏ iPhone Design ကိုမည်သို့မည်ပုံအပြောင်းအလဲပြုလုပ်မည်ကို ပြောကြားခဲ့ခြင်းမရှိသေးတာကြောင့်၊ ယခုအချိန်ထိ စိတ်မှန်းဖြင့် တွက်ချက်ထားသော ခန့်မှန်းမှုများသာ ထွက်ပေါ်သေးတာဖြစ်ပါတယ်။ Apple သည် ဖန်ဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်ကို iPhone 4နှင့် 4s တွင် တစ်ခါအသုံးပြုဖူးသော်လည်း၊ ဖန် အမျိုးအစားတစ်ခုတည်း အသုံးပြုခဲ့ခြင်းမဟုတ်ပဲ ကြားထဲတွင် Stainless Steel ညုပ်ကာ ထည့်သွင်းပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ယခု တစ်ခါတွင် Apple သည် ဖန်ဖြင့် မည်သို့မည်ပုံပြုလုပ်လာမည်မှာ မသဲကွဲသေးတာဖြစ်ပါတယ်။
ထို့ပြင် Apple သည်  2017  တွင်ထုတ်လုပ်မည့် iPhone အသစ်တွင်  display screen ကို  ပိုမိုပါးလွှာပြီး၊အလင်းအားကောင်းမွန်သော OLED Display screen ကိုလည်းတစ်ပါတည်းထည့်သွင်းလာမှာဖြစ်ပါတယ်။   လွန်ခဲ့သော် ရက်သတ္တပတ် အတွင်းတွင် Apple သည်    iPhone အသစ် မှာ အသုံးပြုမည့်  OLED Display အတွက် တစ်နှစ် ကို screen display သန်းတစ်ရာ ထုတ်လုပ်ပေးရန်  Samsung နှင့် ၂.၆ ဘီလီယံ တန် စာချုပ်တစ်ခုချုပ်ဆိုခဲ့တာကြောင့်Kuo၏ တင်ပြလာသော အချက်အလက်များ မှာ ပိုမို ခို်င်မာလာခဲ့ပါသည်။ လက်ရှိမှာတော့ OLED display ကို Samsung ဖုန်းများတွင် အဓိက အသုံးပြုနေပြီး  Motorola , Meizu , Nexus  ဖုန်းတစ်ချို့မှာလဲ အသုံးပြုတယ်လို့သိရပါတယ် ။
ထို့ကြောင့် Apple သည်၂၀၁၇တွင်ထွက်ရှိလာမည့် Apple မျိုးဆက်သစ် iPhone တွင်ကြီးမားသောအပြောင်းအလဲများကိုသေချာပေါက်ပြုလုပ်လာမှာဖြစ်ပါသည်။ သို့သော် ယခု စက်တင်ဘာတွင်ထွက်ရှိလာမည့် iPhone 7 တွင် ဓာတ်ပုံရိုက်ရာတွင် အထောက်အပံ့ဖြစ်စေရန် dual-camera ပါဝင်လာခြင်း မှလွဲပြီး အခြား ကြီးကြီးမားမား ပြောင်းလဲမှုများမရှိုနို်င်သေးပဲ 6s Series နှင့် ခပ်ဆင်ဆင် အဖြစ်သာ ထွက်ရှိလာနိုင်တာဖြစ်တာပါသည်။
No comments:
Post a Comment