Friday, April 22, 2016

နောက်ထွက်မည့် ဖုန်းများအတွက် ပိုမိုကြီးမားတဲ့ ကင်မရာ sensor sizeကို ထုတ်လုပ်ဖို့ Samsung မှ ကြိုးစားနေ

Samsung သည် ၄င်းတို့၏ နာမည်ကြီး ထုတ်ကုန်များဖြစ်သော Galaxy S6, Galaxy S7 Series နှင့် Note 5 တို့တွင် စွမ်းဆောင်ရည် အကောင်းဆုံး Camera များကို ထည့်သွင်းအသုံးပြုကာ၊ အပြိုင်အဆိုင်ဖြစ်လာသော Camera Phone လောကကို ဦးဆောင်ထားနိုင်ပြီးဖြစ်ပါသည်။ သို့သော် Samsung သည် ၄င်းတို့၏ အောင်မြင်မှုများကို ယခုအခြေအနေတွင်ပဲ ရပ်တန့်မနေစေလိုတာကြောင့်၊ ပိုမို ကောင်းမွန်တဲ့ Camera စနစ်တစ်ခုကို ထပ်မံ ဖန်တီးဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

နောက်ဆုံးထွက်ရှိလာသောကောလဟာလသတင်းများအရ ကြီးမားသော sensor size နှင့် နှင့် f/1.4 aperture ပါဝင်သော CMOS Camera sensor တစ်ခုကိုဖန်တီးရန်ကြိုးစားနေတာပဲဖြစ်ပါတယ်။၎င်းသည် Galaxy S7 နှင့် S7 edge တွင်ပါဝင်သော 1/2.5 အကျယ်ရှိသော Lens ထပ်သိသိသာသာပိုသေးသွားသည့်ပမာဏပဲဖြစ်ပါသည်။

ထို့ပြင် megapixel နှင့်ပတ်သတ်လျှင်လည်း Samsung ၏ sensor အသစ်သည် 18megapixel မှ 24 megapixels ကြားရှိသည့် အခြေအနေမဆိုအကောင်းဆုံး ရိုက်နိုင်မှာဖြစ်ပါသည်။၎င်း အနေအထားသည် Samsung ဖုန်းများတွင် ပါဝင်လေ့ရှိသော megapixel ပမာထက် သိသိသာသာ ပိုမို မြင့်တက်လာတာဖြစ်ပါသည်။ Samsung မှ နောက်ဆုံး ထုတ်လုပ် မိတ်ဆက်ခဲ့သောGalaxy S7 Series တွင်ပင် 12megapixel Camera သာပါရှိတာဖြစ်တယ်။


Camera တွင်ပါဝင်သော sensor ပိုမိုကြီးလာခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများကတော့ – ပြင်ပအလင်းများ sensor အတွင်းသို့ပိုမိုဝင်လာနိုင်ပြီး၊ဓာတ်ပုံရိုက်ရာတွင်ဓာတ်ပုံအရည်သွေးပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။ထို့ပြင် sensor နှင့်အတူပိုမိုကောင်းမွန်လာသော Dynamic Range သည်လည်းဓာတ်ပုံအတွင်းဝင်နိုင်သည့်ဓာတ်ပုံကို noise ထခြင်း ကိုလျော့ချပေးမှာဖြစ်ပါတယ်။အရိုးရှင်းဆုံးပြောရလျှင်တော့ sensor ပိုကြီးလာလေလေ၊ Camera ၏ Low-Light Performance စနစ်ကိုပိုမိုကောင်းမွန်လာစေလေလေပဲဖြစ်ပါတယ်။

ထိုကဲ့သို့ကြီးမားသော sensor စနစ်ကို Panasonic CM1(1” Sensor Size)၊ Nokia Pureview 808(1/1.2” Sensor Size)၊ Nokia Lumia 1020(1/1.5” Sensor Size) နှင့်အခြား Gadgetများတွင်လည်းတွေ့နိုင်ပါသေးသည်။ Samsung သည်လည်း 1/2.3” ရှိသော Camera Sensor ကိုထည့်သွင်းရန်ကြိုးစားနေသည်ဟုကောလဟာလများထွက်လျှက်ရှိပါသည်။

ယခုလိုကောင်းမွန်သော Camera စနစ်သစ်ကို Samsung ၏နောက်ထွက်လာမည့် Note 6 တွင်ထည့်သွင်းလာမလား၊ Galaxy S8 Series တွင်ထည့်သွင်းလာမလားဆိုသည်ကိုတော့မတိအကျမသိရသေးပါဘူး။

Credit: Myanmar IT Hub



No comments:

Post a Comment