Friday, September 8, 2017

Huawei က 13MP Rear Camera ပါတဲ့ တန်ဖိုးနည်း Honor V9 Play ကိုပြသ


Huawei က Honor Series စမတ်ဖုန်းအသစ်တစ်လုံးကိုကြေညာလိုက်ပါ တယ်။ Honor V9 Play လို့ အမည်ပေးထားပြီးတန်ဖိုးနည်းစမတ်ဖုန်း ဖြစ်ပါတယ်။ Honor V9 Play မှာ ၅.၂ လက်မ HD Display တပ်ဆင် ထားပါတယ်။ အနောက်ဘက်မှာ Phase Detection Autofocus နည်းပညာပါတဲ့ 13 Megapixel Camera နဲ့ အရှေ့ဘက်မှာ 8 Megapixel Camera ပါပါတယ်။

ဘက်ထရီမှာ 3000mAh ဖြစ်ပါတယ်။ MediaTek MT6750 Chipset မောင်းနှင်မှာ ဖြစ်ပြီးOcta-Core အမျိုးအစား ဖြစ်ပါတယ်။ 32GB Storage ထည့်သွင်းထားပြီးmicroSD Card စိုက်နိုင်ပါတယ်။ microSD Card စိုက်ရင်တော့ SIM Card ၁ ခုသာထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Honor V9 Play ရဲ့ အနောက်ဘက်မှာလက်ဗွေရာအာရုံခံကိရိယာ တပ်ဆင်ထားပြီး ၀.၄ စက္ကန့်အတွင်းမှာစမတ်ဖုန်းကို Unlock လုပ်နိုင် ပါတယ်။ စမတ်ဖုန်ုးဟာ 4G LTE ကိုထောက်ပံ့ပါတယ်။ Android 7.0 Nougat အခြေပြု EMUI 5.1 ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 147.9 x 73.2 x 7.65mm ဖြစ်ပြီးအလေးချိန်မှာ ၁၄၅ ဂရမ် ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့မှာတရုတ်တွင် စတင် ရောင်းချမှာပါ။ 3GB RAM Model ကို ၁၅၃ ဒေါ်လာနဲ့ 4GB RAM Model ကို ၁၈၃ဒေါ်လာသတ်မှတ်ထားပါတယ်။

Credit:  MobileGuid Journal

No comments:

Post a Comment