Sunday, September 10, 2017

Samsung က သူ့ software များရဲ့ လုံခြုံရေးဟာကွက်ကိုရှာနိုင်ရင် ငွေကျပ် သိန်း ၂၇၀၀ ကျော်အထိဆုငွေပေးမည်

ကုမ္ပဏီများစွာကသူတို့ရဲ့ ဆော့ဖ်ဝဲများမှ လုံခြုံရေးဟာကွက်များကို ရှာဖွေနိုင်ရင် ဆုငွေများပေးအပ်တဲ့ အစီအစဉ်ကို ပြုလုပ်ပေးထားကြ ပါတယ်။ Samsung ကလည်းအဲဒီလိုအစီအစဉ်တစ်ခုကို ပြုလုပ်ပေးလိုက် ပါတယ်။ Samsung က သူ့ဆော့ဖ်ဝဲများထဲမှ လုံခြုံရေးဟာကွက်တစ်ခုကို ရှာနိုင်ရင် ဒေါ်လာ ၂၀၀ ၀၀၀ ( မြန်မာငွေ ကျပ် သိန်း ၂၇၀၀ ကျော်) အထိပေးအပ်မယ့် Mobile Security Rewards Program ကိုစတင်လိုက် ပါတယ်။

Mobile Security Rewards Program ကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာ စတင် စမ်းသပ်ခဲ့ပေမယ့် အခုမှ လူအများအတွက် လက်ခံလိုက်ခြင်း ဖြစ်ပါတယ်။ ဆော့ဖ်ဝဲ လုံခြုံရေးပညာရှင်များက Bixby, Samsung Pay , Samsung Pass အပါအ၀င် Samsung  Mobile Services များရဲ့ နောက်ဆုံးထုတ် Security Updates များမှာလုံခြုံရေးဟာကွက်များကို ရှာဖွေပေးရမှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲ လုံခြုံရေးဟာကွက်များရှာဖွေပေး ရမယ့် စုစုပေါင်း Devices များမှာ ၃၈ ခုရှိပါတယ်။ Samsung ရဲ့ ဆုကြေး ငွေဟာအခြားနည်းပညာကုမ္ပဏီများရဲ့ ဆုကြေးငွေနဲ့ ညီတူညီမျှ ရှိပါ တယ်။

“ Samsungရဲ့ ယခုအစီအစဉ်ဟာသူ့ဖောက်သည်အားလုံးရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်ဆောင်ချင်တဲ့အတွက်  ဖြစ်ပါတယ်။ Samsung ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းကစွမ်းဆောင်ရည်မြင့် ဖုန်းများအတွက် လစဉ် Security Updates များကို ဖြန့်ချိပေးခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ အ၀န်းမှ လုံခြုံရေးပညာရှင်များရဲ့ အကူအညီမပါဘဲမအောင်မြင်နိုင် ပါဘူး။” လို့ ကုမ္ပဏီကထုတ်ပြန်ကြေညာချက်မှာရေးသားထားပါတယ်။

Credit : Mobile Guide Journal

No comments:

Post a Comment