Monday, May 21, 2018
SSD ဆိုတာဘာလဲ ..?????
SSD ဆိုတာကတော့ Hard Disk တွေလိုပဲ Storage Media တစ်ခုပါ။ သို့သော်သူ့မှာ Hard Disk တွေထက် သာတဲ့အချက်တွေများစွာရှိပါတယ်။ ကဲဘာတွေပိုကောင်းလဲအောက်မှာကြည့်လိုက်နော်.........
Hard Disk များသည် Platter ကို Read/Write heard များနှင့် ဖတ်ရတာဖြစ်သောကြောင့် Data တွေရွှေ့ပြောင်းရာမှာ အချိန်ကြာမြင့်ပါတယ်။ နောက်ပြီး Hard Disk တွေက ထိခိုက်မိခြင်း၊ လွတ်ကျခြင်းတွေကြောင့် အလွယ်တစ်ကူပျက်ဆီးနိုင်ပါတယ်။ SSD တွေကတော့ Hard Disk နဲ့မတူတော့ပါဘူး Data တွေကို Memory Chips မှာသိမ်းပါတယ်။ Memory Chips တွေနဲ့ဖွဲ့စည်းထားခြင်းကြောင့် SSD သည် ထိခိုက်မိခြင်းတို့ကို Hard Disk တွေထက်ပိုခံနိုင်ပါတယ်။ Hard Disk တွေက Platter, Stepper Motor နဲ့ Read/Write Head တွေပေါ်မှာ အခြေခံတည်ဆောက်ထားခြင်းကြောင့် လှုပ်ရှားမှုဒါဏ်ကြောင့် ပျက်ဆီးနိုင်ခြင်းဖြစ်ပါတယ်။ နောက်အသံလဲဆူညံပါတယ်။ SSD မှာကတော့လှုပ်ရှားရတဲ့အပိုင်းမပါဝင်တာကြောင့် စောစောကပြသနာတွေမရှိတဲ့အပြင် အသံဆူညံတာလဲမဖြစ်တော့ပါဘူး။ (မှတ်ချက်။ ။ Laptop တွေမှာ SSD ကိုအသုံးပြုခြင်းဖြင့် Power စားကို 90% ထိသက်သာစေပါတယ်။ Battery ပိုခံစေပါတယ်။)
Hard Disk နှင့် SSD ရဲ့ အဓိကကွာခြားချက်ကတော့ Speed ပါ။ Hard Disk တစ်လုံးရဲ့ Read/Write Speed ဟာ (Read : 75MB / Write : 77MB) ဖြစ်ပြီး SSD တစ်လုံးရဲ့ Read/Write Speed ဟာ (Read : 559MB / Write : 527MB) အထိရနိုင်ပါတယ်။
အောက်မှာ စမ်းထားတဲ့ Test လေးတွေကို ဖော်ပြပေးထားပါတယ်။
Boot Time (Windows တက်တဲ့အချိန်)
HDD နဲ့တုန်းက 27 Second ကြာမြင့်ပြီး SSD နဲ့မှာတော့ 14 Second သာကြာမြင့်ပါတော့တယ်။
Photoshop CS3 (Photoshop Softward ဖွင့်သောအခါကြာချိန်)
HDD နဲ့တုန်းက 11 Second ကြာမြင့်ပြီး SSD နဲ့မှာတော့ 3.5 Second သာကြာမြင့်ပါတော့တယ်။
File Compress (1GB ရှိတဲ့ File ကို Compress လုပ်သောအခါကြာချိန်)
HDD နဲ့တုန်းက 108 Second ကြာမြင့်ပြီး SSD နဲ့မှာတော့ 28 Second သာကြာမြင့်ပါတော့တယ်။
အဲ့တော့ကျွန်တော်ပြောခြင်တာကတော့ စာဖတ်သူရဲ့ Computer မှာ SSD ပြောင်းသုံးလိုက်တာနဲ့ စာဖတ်သူရဲ့ Computer ဟာ 75% လောက်ပိုမိုမြန်ဆန်သွားပါလိမ့်မယ်။
Intel(R) Core(TM)2 Duo CPU P8600 (Ram :2GB) သုံးထားတဲ့ Laptop ကို SSD ထည့်သုံးကြည့်သောအခါ..
Intel Core i5(4Gen) Ram 4GB သုံးထားတဲ့ Laptop ထက်ပိုမြန်တာကိုတွေရှိရပါတယ်။ (မှတ်ချက် : : CPU အနိမ့်ဖြစ်နေတဲ့အတွက် တစ်ချို့ ဆော့ဝဲ ဂိမ်း အမြင့်တွေသုံးမရတာကလွဲရင်)
ဒါဆိုရင်တော့ SSD ကိုဘာကြောင့်သုံးသင့်လဲဆိုတာသိပြီထင်တယ်နော်။ SSD ကောင့်ကြောင်းတွေပဲပြောနေတာ SSD ရဲ့အားနည်းချက်ကိုတော့မပြောရသေးဘူး။ SSD ရဲ့အားနည်းချက်ကတော့ ဈေးကြီးတာပါ။
1TB(1000GB) HardDisk တစ်လုံးကို 44$ ၀န်းကြင်သာရှိပေမဲ့
256GB SSD တစ်လုံးကို 115$ ၀န်းကြင်ရှိပါတယ်။ ဈေးအရမ်းကြီးပါတယ်။ ကျွန်တော်နောက်နေ့မှ SSD ကို ဘယ်လိုရွေးချယ်မလဲဆိုတာ Post သက်သက်ထပ်တင်ပေးပါမယ်။
မေ့တော့မလို့ SSD ဘယ်နှစ်မျိုးရှိလဲပြောဖို့မေ့သွားတယ်
SSD ကတော့ အကြမ်းမျဉ်းအားဖြင့် သုံးမျိုးရှိပါတယ်။ Sata / M.2 / PCIE (Add-in Card) ဆိုပြီးတော့ပါ။ အောက်မှာပုံနှင့်တစ်ကွကြည့်ရှုပါ။
SATA SSD
SataSSD ကတော့ 2.5လက်မ ဆိုဒ်မလို့ Laptop Hard Disk တွေနဲ့အရွယ်အစားတူညီပြီး မြန်နှုန်းကလဲ 600MB အထိရှိပါတယ်။ SSD တွေထဲမှာ Sata SSD ကဈေးအနဲဆုံးဖြစ်တာမို့ SSD စတင်အသုံးပြုသူတွေ အနေနဲ့ Sata SSD ကိုရွေးချယ်သင့်ပါတယ်။ Sata SSD ကို ခွဲထုတ်ထားတဲ့ mSata SSD ဆိုတာလဲရှိပါသေးတယ်....
mSATA SSD
သူ့ကိုကတော့ အချို့သော Laptop , ProBook တွေမှာတွေရတက်ပါတယ်။ များသောအားဖြင့် SSD+Hard Disk နှစ်မျိုးတွဲသုံးပေးထားတဲ့ Laptop တွေမှာတွေ့ရတက်ပါတယ်။ လုပ်ဆောင်ချက်ကတော့ Sata SSD နှင့် အတူတူပဲဖြစ်ပါတယ်။
M.2 SSD
M.2 SSD ဟာကြည့်လိုက်ရင် Computer Ram နှင့်တူသလိုရှိပါတယ်။ M.2 SSD ကို မားသားဘုတ်ရဲ့ M2 Slot မှာစိုက်ကာအသုံးပြုလို့ရပါတယ်။ (M2 Slot စာမားသားဘုတ်တိုင်းမှာပါဝင်ခြင်းမရှိပဲ Intel 6th gen Skylake မှသာစတင်ပါဝင်လာပါတယ်။ M.2 SSD မှာလဲ M.2 Sata SSD နဲ့ M.2 NVMe SSD ဆိုပြီးနှစ်မျိုးရှိပါတယ်။ နှစ်ခုလုံးကတော့ ပုံစံတူတူပဲဖြစ်ပြီး တပ်ဆင်အသုံးပြုပုံလဲ တူတူပဲဖြစ်ပါတယ်။ မတူတာကတော့ သူတို့ရဲ့ Speed ပါ။ M.2 Sata ရဲ့ Speed ဟာ အမြင့်ဆုံး 600MB အထိသာရှိပြီး M.2 NVMe ရဲ့ Speed ဟာ အမြင့်ဆုံး 2100MB မှ 3500MB အထိရှိတက်ပါတယ်။ Speed လည်းကွာသလို ဈေးနှုန်းလဲ ကွာပါတယ်။ M.2 ခြင်းအတူတူ M.2 NVMe ကဈေးပိုများပါတယ်။
PCIE SSD
ကဲဒါကြီးကတော့ ဈေးအကြီးဆုံးနဲ့ အကောင်းဆုံး SSD ပါ။ Graphic Card အသေးလေးနှင့်ဆင်တူပြီး MotherBoard ရဲ့ PCI-E Slot မှာတပ်ဆင်အသုံးပြုရပါတယ်။ ဈေးကလဲ Sata, M.2 တို့နဲ့ယှဉ်ရင်တော်တော်ကိုကွာပါတယ်။ သာမန်အသုံးပြုသူတွေအနေနှင့်အသုံးပြုလေ့မရှိပါဘူး။
ကျွန်တော့ရဲ့ SSD အကြောင်းကတော့ဒီနေ့ဒီလောက်ပါပဲ။ ..........................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment