Friday, June 29, 2018

ဈေးအချိုဆုံးနဲ့အကောင်းဆုံး PowerBank (သို့မဟုတ်) Remax RPP-59 [20000mAh] Power Bank


ဒီနေ့တော့ Power Bank ကောင်းကောင်း ရှာနေသူတို့အတွက် အလန်းစား Power Bank တစ်ခုအကြောင်းနဲနဲရေးပေးပါမယ်......
အခုပြောပြပေးမည့်အမျိုးအစားကတော့ Remax RPP59 [20000mAh] အမျိုးအစားပဲဖြစ်ပါတယ်...........

ပထမဆုံးတော့ သူ့ရဲ့ ဒီဇိုင်းပိုင်းပေါ့ ကြည့်လိုက်တာနဲ့ Premium ဆန်ပါတယ်.......(လှတယ်ပြောတာမဟုတ်ဘူးနော်) ဒါပေမဲ့ လက်ထဲကိုင်ရတာနဲနဲကြီးပြီးလေးသလိုခံစားရပါတယ် ဒါပေမဲ့တစ်ကယ်တော့မလေးပါဘူး ဟုတ်ပါတယ် 20000mAh PowerBank က အလေးချိန် 366g ဆိုတာ လေးတယ်လို့မဆိုသာပါဘူး.....
ဘယ်လိုပဲပြောပြော သူရဲ့ဒီဇိုင်းကတော့ သင့်ကိုလူကြားထဲမှာပေါ်လွင်စေမှာပါ....



နောက်တစ်ခုကတော့ သူ့ရဲ့ လုပ်ဆောင်ချက်ပါ......
ထွေထွေထူးထူးမပါပါဘူး ပုံမှန် PowerBank တွေလိုပဲ အားသွင်းချိန် အားအပြည့်သွင်းဖို့ အချိန် 10 နာရီဝန်းကြင်ကြာပါတယ် (Remax ကထုတ်တဲ့ Remax RP-U14 Traveller Series 2.4A Charger လေးနဲ့သွင်းရင်တော့ 6 နာရီဝန်းကြင်နဲ့အားပြည့်တာကိုတွေရပါတယ်။ ဈေးနှုန်း ၅၀၀၀ိ/- ကျပ်) နောက်ကောင်းတဲ့တစ်ချက်က သူ့မှာ DC5V-2.1A USB Charger နှစ်ပေါက်ပါတာဖြစ်တဲ့အတွက် ဖုန်းနှစ်လုံးပြိုင်တူအားသွင်းရင်တောင် အားအ၀င်တော်တောမြန်ပါတယ်။ သူ့မှာ Battery Percentage ပြပေးဖို့ LED Display လေးလဲပါတော့ ကို Power Bank မှာအားဘယ်လောက်ကျန်လဲ အတိအကျသိနိုင်တာပေါ့။ ကျွန်တော်သုံးကြည့်သလောက်တော့ 3300mAh ပါတဲ့ဖုန်း တစ်လုံးကို {0% to 100%} 5 ကြိမ်လောက်ထိအားပြန်သွင်းနိုင်တော့ မဆိုးဘူး လို့ပဲပြောခြင်ပါတယ်.......

နောက်ဆုံးအချုပ်ဆိုရရင် သူ့ထက်ကောင်းတဲ့ တစ်ခြား 20000mAh PowerBank တွေက သူ့ထက်ဈေး ကနှစ်ဆနီးပါများပါတယ်.... သူနဲ့ဈေးတန်းတူတဲ့ 20000mAh PowerBank တွေကလဲ သူလောက်အရည်အသွေးမကောင်းသလို အာမခံချက်လဲသူ့လောက်မကောင်းဘူး ဆိုတာအသေအချာပါပဲ...

ကျွန်တော်ဒီ PowerBank လေးကို ဘယ်သူ့တွေကို Recommed ပေးခြင်လဲဆိုရင်.....



  1. ဈေးသက်သက်သာသာနဲ့ အရည်အသွေးစိတ်ချရတဲ့ PowerBank သုံးခြင်သူတွေ......
  2. ခရီးအမြဲထွက်ရတဲ့သူတွေ........
  3. mAh များများသုံးခြင်တယ် လုပ်ဆောင်ချက် အဆန်းတွေပါစရာမလိုဘူး ပုံမှန် FastCharge Speed လောက်နဲ့ပဲသုံးခြင်တဲ့သူတွေ 
ကို ဒီကောင်လေးကို သုံးကြည့်ဖို့ အကြံပေးပါတယ်............

ဒီPowerBank လေးကိုတော့ အမြို့မြို့အနယ်နယ်ရှိ Remax ဆိုင်တိုင်းမှာ (သို့မဟုတ်) shop.com.mm Online Shop မှာ 32000KS(၆လအာမခံ) ဖြင့်ဝယ်ယူနိုင်ပါပြီ။

မှတ်ချက်။   ။ ယခု Post သည် Review မဟုတ်သလို သူများ Sponsor ပေးလို့ရေးတာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဒီPowerBank လေးကို 4 လလောက်သုံးပြီးအဆင်ပြေလို့ တခြားသူတွေသိအောင် မျှဝေခြင်းဖြစ်ပါသည်။



No comments:

Post a Comment