အမေရိကန် ၊ ဥရောပ နှင့် တရုတ်တို့တွင် ဈေးကွက်ဝေစု တစ်ဖြည်းဖြည်းကျဆင်းလာတဲ့ Apple
ဈေးကွက် သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သော Kantar အဖွဲ့၏ ဆန်းစစ်ချက်များအရ ကမ္ဘာဖုန်းလောက ၏ အဓိက နေရာများဖြစ်သော အမေရိကန်၊ ဥရောပ နှင့် တရုတ်ပြည်တို့တွင် Apple ၏ ဈေးကွက်ဝေစုမှာမှာ Android ထက် တဖြည်းဖြည်း ကျဆင်းလျက်ရှိကြောင်းဖော်ပြခဲ့ပါသည်။ နိမ့်ကျလာတဲ့ ဈေးကွက်ဝေစုကို iPhone 6S စထွက်သည့် အချိန်မှစကာ သတိထားမိစရာ ကျဆင်းမှုအခြေအနေတွင် ရှိကြောင်ဒ ထပ်မံ ဖော်ပြခဲ့ပါသည်။ Kantar သည် ၄င်း ရလဒ်များကို ဖေဖော်ဝါရီ လ မတိုင်ခင် နောက်ဆုံးသုံးလ အတွင်း ဈေးကွက် အခြေအနေကို ဆန်းစစ်ကာ ထုတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
Apple ၏ဈေးကွက်ဝေစုသည်တရုတ်ပြည်တွင်၃.၂ရာခိုင်နှုန်းအထိကျဆင်းသွားပြီး၊ယင်းဈေးကွက်တွင်ပင် Android ဈေးကွက်ဝေစုမှာ၃.၄ရာခိုင်နှုန်းအထိတိုးမြှင့်လာခဲ့ကြောင်းသိရှိပါသည်။၎င်းကျဆင်းမှုသည်၂၀၁၄ခုသြဂုတ်လမှယခုအချိန်အထိ Apple ၏ပထမဦးဆုံးအကြိမ်အဖြစ်တရုတ်ပြည်ဈေးကွက်တွင်အခြေအနေယိမ်းယိုင်လာခြင်းဖြစ်ပါသည်။ သို့သော် ယခု နောက်ဆုံးထွက်ရှိလာသော ဈေးသက်သာသည့် iPhone SE သည် Apple ၏ တရုတ်ပြည်ရှိဈေးကွက်အခြေအနေကို ပြန်လည် ထိန်းသိမ်းလာနိုင်ကြောင်း လည်း ထင်ကြေးပေး ဖော်ပြခဲ့ပါသည်။ Apple ၏ iPhone SE သည် မိတ်ဆက်ပြီးသည်မှ စပြီး ယခုအချိန်ထိ Pre-Order မှာယူသူပေါင်း ၃.၄ သန်းအထိပင်ရှိနေပြီဖြစ်ပါသည်။
Apple သည်၎င်းတို့နိုင်ငံဖြစ်သောအမေရိကန်နို်င်ငံတွင်ပင်နှစ်စဉ်ဈေးကွက်ဝေစု ၀.၅ရာခိုင်နှုန်းခန့်ကျဆင်းနေပြီး ဈေးကွက်ဝေစုရဲ့ ၃၈.၅ ရာခိုင်နှုန်းပဲရှိတော့ကြောင်း Kantar မှဖော်ပြထားပါသည်။ထို့အတူ Windowသည်လည်း၂.၂ရာခိုင်နှုန်းအထိဈေးကွက်ကျဆင်းသွားကာ Google ကတော့၃.၃ရာခိုင်နှုန်းတိုးတက်ပြီး ဈေးကွက်ဝေစုရဲ့ ၅၈. ၉ ရာခိုင်နှုန်းထိ ပိုင်ဆိုင်လာတာတွေ့ရပါတယ် ။
ဥရောပ၏အဓိကဈေးကွက်နေရာများဖြစ်သောဂျာမနီ၊အမေရိကန်၊ပြင်သစ်၊အီတလီနှင့်စပိန်နိုင်ငံများတွင် Apple ၏ဈေးကွက်ဝေစုများမှာ၁.၈ရာခိုင်နှုန်းအထိကျဆင်းသွားပြီး၎င်းဈေးကွက်တွင်ပင် Window ၏ဈေးကွက်ရှယ်ယာနှုန်းသည်လည်း၎.၂ရာခိုင်နှုန်းအထိကျဆင်းကာ Android ကတော့၆.၇ရာခိုင်နှုန်းအထိတို်းတက်မှုများရှိလာခဲ့တာပဲဖြစ်ပါတယ်။
Kantar ၏ဖော်ပြချက်ကိုကြည့်ခြင်းအားဖြင့်ဖုန်းလောကတွင် Android ၏စိုးမိုးမှုမှာ Apple , Window စသည့်ကုမ္ဗဏီများထက်ပိုမိုတိုးတက်လာကြောင်းသိရှိရပါသည်။
Credit : Myanmar IT Hub
သော်ထွဋ်စံ(မျှဝေသူ)
No comments:
Post a Comment