Screen ကိုခေါက်နိုင်ကွေးနိုင်သော Smartphone တစ်မျိုးကို 2017 တွင် Samsung မှ ထုတ်လုပ်မည်
=================================================
တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်သော ETNews ၏ တင်ပြချက်များအရ Samsung သည် မလိုအပ်သော ထုထည်ကိုလျှော့ချကာ ခေါက်နိုင်ဖြန့်နိုင်သော Display ပါရှိသည့် Smartphone တစ်မျိုးကို 2017 တွင် ထုတ်လုပ်ဖြန့်ချီသွားမည်ဟု သိရှိရပါသည်။ ETNews မှတင်ပြချက်များတွင် တိတိကျကျ သတင်းများမပါဝင်သော်လည်း လွန်ခဲ့သော ဇန်နဝါရီ လအတွင်းတွင် Samsung ကိုယ်တိုင်က ၄င်းတို့သည် ကွေးနိုင်ခေါက်နိုင်သော Display ပါသည့်ဖုန်းများကို ထုတ်လုပ်ရန်ရှိကြောင်း တရားဝင်ပြောကြားသွားခဲ့တာကြောင့် မှန်ကန်သည့် သတင်းဖြစ် လောက်သည်ဟု ခန့်မှန်းမှုများထွက်ပေါ်လာခဲ့ပါသည်။
ခေါက်နိုင်သော Display နည်းပညာမှာ ယခုအချိန်တွင် ခေတ်ရှေ့ပြေးသောနည်းပညာ တစ်ခုဖြစ်သော်လည်း၊ အချို့သတင်းများအရ Samsung သည် ၇ လက်မ အရွယ်ခေါက်နိုင်သော Smartphone တစ်မျိုးထုပ်လုပ်ရန်အတွက် ကုမ္ဗဏီများဖြင့် ချိတ်ဆက်ပြီးဖြစ်သည်ဟု ခန့်မှန်းရပါသည်။ ၄င်း ဖုန်းများတွင် OLED Display ကိုအသုံးပြုမှာဖြစ်ပြီး ပိုက်ဆံအိတ်လို ခေါက်ထား နိုင်တာကြောင့် ၇ လက်မအရွယ်ဖြင့်လည်း သုံးနိုင်သလို၊ ၅ လက်မ အရွယ်ဖြင့်လည်း သုံးနို်င်မယ်လို့ ဆိုပါတယ်။ Samsung သည် ၄င်းတို့၏ ခေါက်နိုင်သော Foldable Display ပါဝင်သည့် ဖုန်းပြုလုပ်နေသည့် ကို Project Valley ဟု အမည်ပေးထားပြီး စမ်းသပ်တီထွင်နေမှုမှာ သုံးနှစ်ခန့် ပင်ရှိပြီဖြစ်ပါသည်။
အချို့ကတော့ ခေါက်နိုင်ကွေးနိုင်သော Display စနစ်သည် smartphone လောက ကို တစ်ခေတ်ဆန်းစေမှာ ဖြစ်တယ်လို့ ယူဆလာကြပါတယ်။ ၄င်း နည်းပညာကို Samsung ၏မည်သည့် ဖုန်း စီးရီးတွင် စတင်အသုံးမည်ဟု တိတိကျကျ မသိရသေးပေမဲ့ ၊ ယခုသတင်းများသာ မှန်ကန်ပါက ယင်း ကိုရီးယား နည်းပညာ ကုမ္ဗဏီသည် ပိုမို အောင်မြင်လာနိုင်မှာဖြစ်ပါသည်။
(အောက်ကပုံကတော့ concept ဒီဇိုင်းပုံ ဖြစ်ပါတယ် ။ တကယ်ထွက်လာရင် ဒီပုံ အတိုင်း ဟုတ်ချင်မှ ဟုတ်မှာပါ ။ )
Credit : Myanmar IT Hub
သော်ထွဋ်စံ(မျှဝေသူ)
Wednesday, April 13, 2016
Screen ကိုခေါက်နိုင်ကွေးနိုင်သော Smartphone တစ်မျိုးကို 2017 တွင် Samsung မှ ထုတ်လုပ်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment